ဘာစီလိုနာ က အက်စ်ပန်ညိုကို အနိုင်ယူ၍ ၂၈ ကြိမ်မြောက် လာလီဂါချန်ပီယံဆုဖလား ဆွတ်ခူး
17 May
ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ် (၃၆) အဖြစ် ကစားခဲ့တဲ့ အက်စ် ပန်ညိုအသင်းနှင့်ပွဲစဉ်မှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ် အသင်းကို ရမှတ်ဖြတ်တောက်နိုင်ခဲ့ပြီး (၂၈) ကြိမ် မြောက် လာလီဂါ ချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။ လာလီဂါပွဲစဉ် (၃၆) မှာ အမှတ်ပေးဇယားဒုတိယမှ ရီးရဲလ်မက်ဒရစ်အသင်း က မာယော့ကာအသင်း ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့သော်လည်း လက်ကျန်ပွဲ နှစ်ပွဲအလိုတွင် ရမှတ်ခုနစ်မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းဟာ စူပါဖလား ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူ၍ ဆုဖလားရယူခဲ့တဲ့အပြင် ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင်လည်း ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ချန်ပီယံဆုရရှိခဲ့ပြီးနောက် စပိန်ဘောလုံး သမိုင်းတွင် နှစ်ပေါင်း ၃၆ နှစ် အတွင်း ပထမဆုံးအကြိမ် ဆုဖလားသုံးလုံးထိ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်း ဟာ ၃၆ ပွဲ ကစားအပြီးတွင် အသင်းတိုက်စစ်ပိုင်းက သွင်းဂိုး ၉၇ ထိ သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက နည်းပြ ဗယ်ဗာဒီ လက်ထက် အမှတ်ပေးပြိုင်ပွဲသွင်းဂိုး ၉၉ ဂိုးစံချိန်ကို လိုက်မီရန် သေချာနေပြီး အဆိုပါ သွင်းဂိုး သည် ဥရောပထိပ်သီးလိဂ်ငါးခုတွင် သွင်းဂိုးအများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)