အေစီမီလန်အသင်း သီယို ဟာနန်ဒက်ဇ်ကို ယူရိုသန်း ၄၀ ရရှိပါ ရောင်းချမည်
17 May
လာမည့်နွေရာသီတွင် အေစီမီလန်အသင်းဟာ နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်ကို ပေါင်သန်း ၄၀ နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်ဟာ အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရပါတယ်။ ဒါ့ကြောင့် အေစီမီလန်အသင်းဟာ သီယိုဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေးရနိုင်သည့် လာမည့်နွေရာသီ တွင် ရောင်းထုတ်ရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ အေစီမီလန်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ စျေးကွက်မှာ သီယိုဟာနန်ဒက်ဇ်အတွက် ယူရိုသန်း ၄၀ နဲ့ ကမ်းလှမ်းလာပါက လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။ သီယိုဟာနန်ဒက်ဇ် ကို ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်တဲ့ မန်ယူနိုက်တက်နှင့်ချဲလ်ဆီးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ စီးရီးအေကလပ် ကိုမိုအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ယခုရာသီတွင် သီယိုဟာနန်ဒက်ဇ်ဟာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ (NVS 008)