မန်ယူနည်းပြ အာမိုရင်မ်က ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း ဝန်ခံပြောကြား

17 May

မန်ယူနည်းပြ အာမိုရင်မ်က လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ လက်ရှိရာသီမှာ မန်ယူအသင်းတွင် ဗဟိုခံစစ်နေရာ၌ မက်ဂွိုင်းရား၊ ဒီလစ်၊ ရိုယို၊ လီဆန်ဒရို မာတီနက်ဇ်၊ လင်ဒီလော့ဖ်နှင့် ဂျွန်နီအီဗန်တို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ယခုရာသီကုန်တွင် လင်ဒီလော့ဖ်နှင့် ဂျွန်နီ အီဗန်တို့မှာ အသင်းနှင့်လမ်းခွဲဖွယ်ရှိနေသလို၊ လီဆန်ဒရိုမာတီနက်ဇ်၊ ဒီလစ်နှင့်ရိုယိုတို့ကလည်း ဒဏ်ရာ ပြဿနာ များနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် နည်းပြအာမိုရင်မ် က လာမည့်နွေရာသီတွင် ဗဟိုခံစစ်ကစားသမား ခေါ်ယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

17 May

ADVERTISE HERE .