အင်တာအသင်း က မန်ယူကစားသမား ဇက်ဇီကို ခေါ်ယူရန် စီစဉ်နေ

17 May

စီးရီးအေထိပ်သီးကလပ်အသင်းတစ်ခုဖြစ်တဲ့ အင်တာမီလန်အသင်းဟာ မန်ယူတိုက်စစ်ကစားသမား ဇက်ဇီ ကို ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ နယ်သာလန် လက်ရွေးစင်တိုက်စစ်ကစားသမား ဇက်ဇီဟာ ၂၀၂၄ နွေရာသီမှာ ဘိုလော့ဂ်နာအသင်းမှ မန်ယူအသင်းသို့ ယူရို ၄၂ ဒသမ ၅ သန်းဖြင့် ရောက်ရှိလာသူဖြစ်ပါတယ်။ ဇက်ဇီ ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၄၉ ပွဲကစားပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇက်ဇီ ကို စီးရီးအေထိပ်သီးအသင်းများဖြစ်သည့် အင်တာမီလန်နှင့် နာပိုလီ အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး အင်တာမီလန်အသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းရန် စီစဉ် နေခြင်းဖြစ်ပါတယ်။ အင်တာအသင်းက ဇက်ဇီကို မန်ယူတွင် ရရှိတဲ့ လစာနှုန်းထားအတိုင်းပေးချေရန် ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေးအပြင် ဆုကြေးငွေနဲ့ပါ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရပါတယ်။ (NVS 008)

17 May

ADVERTISE HERE .