နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

17 May

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုများပြုလုပ်ခဲ့ပြီး လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြီးဒဏ်ကြောင့် ဆင်‌ေ-သရေလွှဲဆည်သည် အလျားပေ ၁၅၀ ခန့်ပျက်စီးခဲ့ပြီး ယာယီ ပြုပြင်မှု များပြုလုပ်ပြီးနောက် ဧပြီလ ၈ ရက်အထိ လယ်ယာမြေ ၄၅၂ ဧကကို စိုက်ပျိုးရေပြန်လည်ပေးဝေခဲ့ပါတယ်။ နောက်ဆက်တွဲငလျင်များကြောင့် ဧပြီလ ၁၂ ရက်တွင် ဆင်‌ေ-သရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်ခဲ့၍ စိုက်ပျိုး၏ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပြန်လည်ပြင်ဆင်မှုများကို အမြန်ဆုံးဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီလ ၁၇ ရက်တွင် လက်ယာ တူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ကာ မေလ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး ၂,၂၇၉ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးရေပေး ဝေနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဧပြီလ ၂၁ ရက်ကလည်း လက်ဝဲတူးမြောင်းမကြီးမှ ရေတင်စက် ၂ စုံ နဲ့ ရေကူပေးဝေနိုင်ခဲ့ပြီးနောက် မေလ ၂ ရက်တွင် လက်ဝဲတူးမြောင်းမကြီးသို့ စိုက်ပျိုးရေ တိုက်ရိုက် ဖြည့်သွင်းပေး နိုင်ခဲ့ကာ မေလ ၁၃ ရက်တွင် လက်ဝဲတူးမြောင်းမကြီးရှိ စိုက်ပျိုးပြီး ၆,၆၅၅ ဧကကို အပြည့်အဝ ရေပေးဝေနိုင်ခဲ့ ပါတယ်။ မေလ ၁၅ ရက်တွင်လည်း ဆင်‌ေ-သရေလွှဲဆည် ရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး ၈,၉၃၄ ဧကကို အပြည့်အဝ ရေပေးဝေထားပြီးဖြစ်ကာ ဆက်လက်၍ စပါးရိတ်သိမ်းပြီးချိန်အထိ လိုအပ်သော စိုက်ပျိုးရေ အပြည့်အဝ ပေးဝေရေးကို တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

17 May

ADVERTISE HERE .