လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့်သာ လျှောက်ထားပြင်ဆင်နိုင်မည်

17 May

ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် အဆောက်အအုံများ လိုင်စင်ရအင်ဂျင်နီယာ၏ထောက်ခံချက်ဖြင့်သာ လျှောက်ထားပြင်ဆင်ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်း ရှိ ၆ မြို့နယ်အတွင်းမှ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် သတ်မှတ်ခံရသော အဆောက်အအုံ ပိုင်ရှင် များအနေဖြင့် မိမိတို့၏အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့်ပတ်သက်၍ PE. RSE လိုင်စင်ရ အင်ဂျင်နီယာများ၏ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထားရမည် ဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အဆောက်အအုံပြန်လည်ပြင်ဆင်ခြင်းများနှင့်ပတ်သက် ၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးကြေညာထားသပါတယ်။ မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် ‌ေ-သဆုံးသူ ၃,၈၃၅ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၀၅ ဦး ရှိပြီး လူနေအိမ် ၆ သောင်းကျော်၊ ဘုန်းကြီးကျောင်းနှင့် သီလရှင် စာသင်တိုက် ၅,၄၇၄ ကျောင်း၊ စာသင်ကျောင်း ၆,၇၅၂ ကျောင်း၊ ဆေးရုံဆေးခန်း ၅၇၆ ခု၊ တံတား ၁၇၂ စင်း၊ ဘုရားစေတီပုထိုးပေါင်း ၅,၆၂၀ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)

17 May

ADVERTISE HERE .