(၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနားအား ရက်ပြောင်းလဲသတ်မှတ်

17 May

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန က ကြီးမှူးကျင်းပတဲ့ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်(၁၃၈၇ ခုနှစ် ကဆုန် လပြည့်ကျော် ၉ ရက်) (အစား) ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်(၁၃၈၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၁ ရက်) နံနက် ၈ နာရီသို့ ပြောင်းလဲသတ်မှတ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီး များ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ အပါအဝင် ပင့်သံဃာ ၃၁ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒ ၁ ပါး၊ ဒီဃ နိကာယကောဝိဒ ၂ ပါး၊ ဒီဃဘာဏက ၁၁ ပါး၊ ဝိနယကောဝိဒ ၁ ပါး၊ ဝိနယဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင် သံဃာ ၉၇ ပါး တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော် သွားမှာ ဖြစ်ပါတယ်။ အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူး စာမေးပွဲဌာနခွဲ၊ သာသနာရေးဦးစီးဌာန ဖုန်း ၀၉-၈၈၀၅၆ဝ၇၉၀၊ ၀၉-၄၃၀၆၇၁၆၈ သို့ဆက်သွယ်ကာ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။ (NVS 004)

17 May

ADVERTISE HERE .