“(၄၁) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ”
16 May
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာ၌ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယခုနှစ်မှာလည်း အစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ အသံမစဲမဟာ ပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ရွာဦးဘုန်းတော်ကြီးကျောင်း၌ မေလ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာကျင်းပသွားမှာဖြစ်ပြီး မေလ ၁၄ ရက်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကျေးရွာရပ်မိရပ်ဖများကဦးဆောင်၍ ကျေးရွာသူ၊ ကျေးရွာသားများက ဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ကာ ကျောင်းဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည့် ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဝေယျာဝစ္စနှင့် ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုပြင်ဆင်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း စတဲ့ လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ရွှေလှေကျေးရွာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်အစဉ်အလာမပျက်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၄၁) ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည့် ဆရာတော်၊ သံဃာတော်များကို အလှူရှင်များက ကျင်းပပြုလုပ်မည့်နေ့အလိုက် လျှပ်စစ်မီးနှင့် နေ့ဆွမ်း၊ အချိုပွဲများကို ဆက်ကပ်လှူဒါန်းကြမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)