“စီရော်နယ်လ်ဒိုဂျူနီယာကို စောင့်ကြည့်နေတဲ့ မန်ယူအသင်း”

16 May

မန်ယူအသင်းက အသင်းကြယ်ပွင့်ဟောင်း စီရော်နယ်လ်ဒို ရဲ့ သားဖြစ်သူ စီရော်နယ်လ်ဒိုဂျူနီယာ ကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရပါတယ်။ အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ စီရော်နယ်လ်ဒိုဂျူနီယာ ဟာ ပေါ်တူဂီယူ-၁၅ အသင်းနှင့် ဂျပန် ယူ-၁၅ အသင်းတို့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းက အဆိုပါပွဲစဉ်အတွက် ကင်းထောက်များ စေလွှတ်ကာ စီရော်နယ်လ်ဒိုဂျူနီယာကို စောင့်ကြည့်ခဲ့ခြင်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဂျူနီယာကို ခေါ်ယူရန် မန်ယူအသင်းအပြင် စပါးအသင်းနှင့် ဘွန်ဒစ်လီဂါအသင်းများကလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။ (NVS 008)

16 May

ADVERTISE HERE .