“ဘရာဇီးလ်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမယ့် မာတာ”

16 May

ဘရာဇီးလ်အမျိုးသမီးတိုက်စစ်မှူးဖြစ်သူ မာတာ က နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူထားပေမယ့် ဘရာဇီးလ်အသင်းအတွက် ပြန်လည်ကစားပေးမှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတာ က နိုင်ငံလက်ရွေးစင်အသင်းနှင့် ကိုးလကြာ ကင်းကွာနေခဲ့ပြီး ဂျပန်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲနှစ်ပွဲအတွက် အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ မာတာ ဟာ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် နောက်ဆုံးကစားခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းက ဗိုလ်လုပွဲအဆင့် တက်ရောက်ခဲ့ပေမယ့် အမေရိကန်အသင်းကို အရေးနိမ့်ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘရာဇီးလ်အသင်းနည်းပြ အာသာအဲလီးယပ်စ်ရဲ့ ၂၆ ဦး လူစာရင်းမှာ မာတာ ကို ထည့်သွင်းရွေးချယ်ခဲ့ပြီး ဂျပန်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကို မေလ ၃၀ ရက်နှင့် ဇွန်လ ၂ ရက်များမှာ ဘရားဇီးနိုင်ငံ ဆော်ပေါ်လိုတွင် ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)

16 May

ADVERTISE HERE .