“အီတလီအိုးပင်း ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ကိုကိုဂတ်ဖ်”
16 May
ပြီးခဲ့တဲ့ မေလ ၁၆ ရက်အစောပိုင်းက အီတလီအိုးပင်းရဲ့ ဆီမီးဖိုင်နယ်အဆင့်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲမှာ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် က တရုတ်တင်းနစ်မယ် ရှင်းဝန်းဂျောင်း ကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အီတလီအိုးပင်းပြိုင်ပွဲ လက်စွမ်းကောင်းတွေ ပြသနေတဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် ဟာ ပွဲအစပိုင်းမှာ ကတည်းက လက်ရည်အသာနဲ့ ဖိအားပေးကစားထားနိုင်ပါတယ်။ တရုတ်တင်းနစ်မယ် ရှင်းဝန်းဂျောင်းကလည်း ကွာတားဖိုင်နယ်အဆင့်မှာ ဆာဘာလန်ကာ ကို အနိုင်ရရှိခဲ့တာကြောင့် ဆီးမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ တရုတ်တင်းနစ်မယ် ရှင်းဝန်းဂျောင်း ဟာ ကိုကိုဂတ်ဖ် ကို အကောင်းဆုံး တုံ့ပြန်ကစားထားနိုင်ခဲ့ တာကြောင့် အကြိတ်အနယ်ရှိခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ကိုကိုဂတ်ဖ် က ရှင်းဝန်းဂျောင်း ကို ၇-၆၊ ၄-၆၊ ၇-၆ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အီတလီအိုးပင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အီတလီအိုးပင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို မေလ ၁၇ ရက်မှာ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် နှင့် အီတလီတင်းနစ်မယ် ဂျက်စမင် ပီအိုလီနီ တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ (NVS 008)