“ရန်ကုန်နှင့်မန္တလေးတို့ရှိ စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေ”

16 May

ရန်ကုန်နှင့်မန္တလေးတို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီ များနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။ အခုလိုဖြန့်ဖြူးပေးနိုင်ရန် ကာလတိုအနေနဲ့ သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစုပေါင်းမှာ ၆,၈၇၈ မဂ္ဂါဝပ်ရှိပြီး ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ လက်နက်ကိုင်အဖွဲ့များ ဖျက်ဆီးခဲ့တဲ့ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်းတာဝါတိုင်များ၊ ကွန်ကရစ်တိုင်များကို ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် တိုက်ခိုက်မှု များကြောင့် လက်ရှိမှာတစ်ရက်ပျမ်းမျှ ၂,၃၀၀ မဂ္ဂါဝပ်(လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း)သာ ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ လက်ရှိကာလ နိုင်ငံတော်ရဲ့ ဓာတ်အားလိုအပ်ချက်မှာ ၃,၄၀၀ မဂ္ဂါဝပ်ဝန်းကျင်ခန့် လိုအပ်သဖြင့် ၁,၁၀၀ မဂ္ဂါဝပ် ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှုဆောင်ရွက်နေရကာ ထုတ်လုပ်နိုင်သော လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ၃၁ ရာခိုင်နှုန်းနဲ့ အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးလျက်ရှိပါတယ်။ (NVS 004)

16 May

ADVERTISE HERE .