“အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်မည်”

16 May

မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦများ ပျက်စီးခဲ့တဲ့အတွက် ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သိရပါတယ်။ မန္တလေးငလျင်ကြီးကြောင့် အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အဦများ ၆၀ ရာခိုင်နှုန်း ပျက်စီးခဲ့တဲ့ အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် အမြန်ဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အင်းဝမြို့ဟောင်းမှာ ရှေးဟောင်းအဆောက်အဦပေါင်း ၉၆၁ ခုရှိတဲ့အနက် ငလျင်ကြောင့် ၆၀၀ ဝန်းကျင်ခန့် ပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး ငလျင်မလှုပ်မီ ပြုပြင်ထိန်းသိမ်းနေသည့် ရှေးဟောင်းအဆောက်အဦများလည်း ပြိုကျပျက်စီး သွားခဲ့ကြောင်း သိရပါတယ်။ ယခုအခါမူလအလှူရှင်များအား ကနဦးအနေဖြင့် ဆက်သွယ်ထားရှိပြီး လှူဒါန်းလိုသည့် အလှူရှင်များကိုလည်း ဆက်သွယ်ထားရှိကာ ၎င်းအပြင်နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ပြုပြင်ထိန်းသိမ်းနိုင်ရန် တင်ပြထားကြောင်း သိရပါတယ်။ အင်းဝမြို့ဟောင်းရဲ့ ရှေးဟောင်းနယ်မြေ ဧရိယာမှာ ၇ စတုရန်းမိုင်ကျယ်ဝန်းပြီး အင်းဝခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ခန့် က တည်ရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ (NVS 004)

16 May

ADVERTISE HERE .