“ကျိုက်မရောရေဘေးသင့်ကျေးရွာ ၄ ရွာရှိ အိမ်ထောင်စု ၄၀၀ ကျော်ကို ငွေကြေးထောက်ပံ့ပေးအပ်”
16 May
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးသင့်ခဲ့ကြတဲ့ ကျေးရွာ ၄ ရွာရှိ အိမ်ထောင်စု ၄၄၃ စုအတွက် တစ်အိမ်ထောင်စုကို ကျပ် ၄ သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ထောက်ပံ့ပေးအပ်မှုကို မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့မှာ ရေဘေးသင့်ခဲ့တဲ့ ရန်မျိုးအောင်ရပ်ကွက်၊ ဦးလေးကျေးရွာ၊ နိတုံကျေးရွာ၊ ပိန္နဲကုန်းကျေးရွာနှင့် ခနောင်ကျေးရွာနေ အိမ်ထောင်စုများအား ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံကနေ သိရပါတယ်။ အဆိုပါထောက်ပံ့မှုများအား အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
16 May