“အဝေးသင်ကျောင်းအပ်ရက်များကို မေလကုန်အထိ ထပ်တိုးပေးထား”

16 May

၂၀၂၅ ခုနှစ်ပညာသင်နှစ် ပထမနှစ်အဝေးသင်ကျောင်းအပ်ရက်ကို ထပ်တိုးပေးထားပြီး မေလကုန်အထိ အပ်နှံ နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှအသိပေးထားပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ တိုးမြှင့်ထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယနှစ်နှင့် အတန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းအား ၂၀၂၅ ခုနှစ် မေလ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမပါကြောင်းလည်း အသိပေးထားပါတယ်။ ထိုအပြင် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများအား မေလ ၂၂ ရက်မှစတင်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

16 May

ADVERTISE HERE .