“မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center တို့ မိတ်ဖက်အသင်းအဖွဲ့အဖြစ် ထူထောင်မည်”
16 May
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် Golden Education Sharing Center တို့ မိတ်ဖက်အသင်းအဖွဲ့ အဖြစ် ထူထောင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အကြိုညှိနှိုင်း အစည်းအဝေးကို မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီကကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦး က အဖွင့်အမှာစကားပြောကြား ခဲ့ပြီးနောက် Golden Education Sharing Center မှတာဝန်ရှိသူများက ၎င်းတို့ရဲ့ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်နှင့် ပညာသင်ကြားရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြပါတယ်။ အဲဒီနောက် မိတ်ဘက်အသင်းအဖွဲ့ ထူထောင်ခြင်းနားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရန် အချက်အလက် များအား အသေးစိတ်ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)
16 May