“ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) ၏ ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပွဲ ကျင်းပ”
15 Mayကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ (၆၈)နှစ်မြောက် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပွဲကို မေလ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ အခမ်းအနားတွင် ဆရာတော် သံဃာတော် ၄၅ ပါးတို့က အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)အား ဓမ္မာရုံတွင် ဆုတောင်းတရားတော်များ၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးလှိုင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများက ဆရာတော် သံဃာတော် ၄၅ ပါးအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ လောင်းလှူပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ရွေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ကြပါတယ်။ ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်သံဃာတော်ကြီးများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ (NVS-004)