“ဂျာမနီနိုင်ငံ၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်”
15 May
ဂျာမနီနိုင်ငံ Frankfurt မြို့တွင် ကျင်းပပြုလုပ်မည့် Investment Management Exhibition(IME)-2025 (ရင်းနှီးမြှုပ်နှ့မှုပြပွဲ-၂၀၂၅)သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ပြသရန် ဖိတ်ခေါ်ထားပြီး ပြပွဲကို နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကျင်းပသွားမယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။ အဆိုပါ ပြပွဲသည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်မျိုးစုံနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်ရွယ်ကာကျင်းပပြုလုပ်တဲ့ နိုင်ငံတကာပြပွဲကြီးတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများနှင့် ထိတွေ့ဆွေးနွေးနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များကို တစ်နေရာတည်းမှာ လေ့လာ နိုင်မည့် Global Platform တစ်ခုဖြစ်ပါတယ်။ ပြပွဲသို့ ဂျာမနီ၊ ပြင်သစ်နှင့် အခြား ဥရောပနိုင်ငံများ၊ အမေရိကန်နှင့် အာရှနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ European Investment Bank (EIB)၊ The German Society for International Cooperation (GIZ) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ Investment Promotion Agency များ၊ ဂျာမနီနိုင်ငံ အခြေစိုက် သံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ Industry Expert များ၊ အိမ်ခြံမြေနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများ တက်ရောက်ကြမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂၂၊ Email - [email protected] သို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။ (NVS-004)