“Print, Sign & ICT Expo 2025 ပြပွဲ ကျင်းပမည်”
15 May
မြန်မာနိုင်ငံရှိ နည်းပညာနှင့် ဒစ်ဂျစ်တယ်ပုံနှိပ် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည့် Print, Sign & ICT Expo 2025 ပြပွဲကို မေလ ၁၆ ရက်မှ ၁၈ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC)၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်း (MCIA) ၏ထုတ်ပြန်ထားပါတယ်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံဒစ်ဂျစ်တယ်ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း (MDPSEA)၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း(MCIA)နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)တို့က ပူးပေါင်းစီစဉ်ကာ ကျင်းပခြင်းဖြစ်ပါတယ်။ ပြပွဲတွင် ICT ကဏ္ဍနှင့် ဒစ်ဂျစ်တယ်ပုံနှိပ်ကဏ္ဍများ ပါဝင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဒစ်ဂျစ်တယ်ပုံနှိပ်စက်များ၊ နောက်ဆုံးပေါ်နည်းပညာမြင့် ပုံနှိပ်စက်များနှင့် မီဒီယာလုပ်ငန်းများ၊ IT ပစ္စည်းများ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များကို တစ်နေရာတည်းမှာ စုစည်းပြသပေးသွားမှာဖြစ်ပါတယ်။ Print, Sign & ICT Expo 2025 ပြပွဲသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လူငယ်များ အပါအဝင် နည်းပညာအသိုင်းအဝိုင်းအတွက် ဒစ်ဂျစ်တယ်ပုံနှိပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့်ဆက်စပ်သည့် အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ Mobile နည်းပညာနှင့်ပစ္စည်းများ၊ ကွန်ပျူတာ အသုံးချ ဆော့ဖ်ဝဲလ်နည်းပညာများ၊ ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများ၊ လုံခြုံရေးနှင့်ပတ်သက်သောပစ္စည်းများနှင့် နည်းပညာစာအုပ်များကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ကာ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင် များအသင်း (MCIA)မှ စီစဉ်ပေးခြင်းဖြစ်ပါတယ်။ ပြပွဲသို့ လာရောက်လိုသူများအနေနဲ့ https://events.myantickets.com/ တွင် Online မှတစ်ဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး လွယ်ကူလျင်မြန်သော မှတ်ပုံတင်စနစ်များအပြင် အထူးလျှော့ဈေးအစီအစဉ်များနှင့် ကံစမ်းမဲ အစီအစဉ်များကိုလည်း ထည့်သွင်းတင်ဆက်သွားမှာဖြစ်တာကြောင့် နိုင်ငံတကာစနစ်နှင့်ကိုက်ညီသော Print, Sign & ICT Expo 2025 ပြပွဲမှ နည်းပညာအသစ်များကို စိတ်ပါဝင်စား၍လေ့လာလိုသူများအနေနဲ့ လာရောက်လေ့လာသင့်ကြောင်း သိရပါတယ်။ (NVS-004)