ဆန်ဒရိုတိုနာလီ အား ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိပါက နယူးကာဆယ်အသင်း ရောင်းချဖွယ်ရှိ
15 May
နယူးကာဆယ်အသင်းက ကွင်းလယ်ကစားသမား ဆန်ဒရိုတိုနာလီ အား ပြောင်းရွှေ့ကြေး ယူရိုသန်း ၁ဝဝ ရရှိပါက ရောင်းချသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား တိုနာလီ ကို မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေပါတယ်။ ကွင်းလယ်ကစားသမား ဆန်ဒရို တိုနာလီ ဟာ နယူးကာဆယ်အသင်းနှင့်အတူ ၂ဝ၂၃ -၂ဝ၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၅၅ ပွဲကစားပြီး ၇ ဂိုး သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကလည်း တိုနာလီ ကို သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေနိုင်မည့် မည်သည့်အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေပါတယ်။(NVS 008)
15 May