ဂျိမ်းစ်မီနာ နဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေတဲ့ ဘရိုက်တန်အသင်း

15 May

ဘရိုက်တန်အသင်းက အသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာ အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိနေပါတယ်။ အသက် ၃၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဂျိမ်းစ်မီနာ ဟာ အသက်အရွယ်ပိုင်းအားဖြင့် အကျပိုင်းကို ရောက်ရှိနေပြီဖြစ်သော်လည်း ခြေစွမ်းပိုင်းကျဆင်းခြင်း မရှိသေးတဲ့အပြင် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားပြီး ခြေစွမ်းပြထားနိုင်ခဲ့လို့ စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဘရိုက်တန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဂျိမ်းမီနာ အနေနဲ့ အသင်းအတွက်ကစား သမားကောင်းတစ်ယောက်ဖြစ်ပြီး စာချုပ်ကိစ္စလည်း မကြာမီရက် ပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

15 May

ADVERTISE HERE .