လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေတဲ့ ရိုဒရီဂို

15 May

ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တောင်ပံကစားသမား ရိုဒရီဂို ဟာ လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ရိုဒရီဂို အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ဆန်းတို့စ်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အစောပိုင်းနှစ်များက အသင်းရဲ့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရသော်လည်း နည်းပြ အန်ဆယ်လော့တီ လက်အောက်တွင် ပွဲထွက်ခွင့်များပြန်လည်ရရှိနေပြီး ယခု ဘောလုံးရာသီတွင်လည်း အသင်း တိုက်စစ်ပိုင်းတွင် ဗင်နီစီးယက်စ်၊ အမ်ဘတ်ပီတို့နဲ့တွဲဖက်ပြီး အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။ သို့သော် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ရိုဒရီဂို တို့ကြား သက်တမ်းတိုးစာချုပ်အတွက် လစာညှိနှိုင်းမှုတွင် အဆင်မပြေမှုများရှိတဲ့အပြင် အသင်းဖော်များဖြစ်တဲ့ အမ်ဘတ်ပီ၊ ဘယ်လင်ဟမ် တို့နဲ့လည်း ဆက်ဆံရေးအဆင်မပြေ တာကြောင့် အသင်းမှထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အယ်ကလက်ဆီကိုဒါဘီပွဲစဉ်တွင် ပွဲကစားရန်ငြင်းဆန်ခဲ့တဲ့အတွက် အသင်းနှင့် ဆက်ဆံရေးတင်းမာမှု ပိုမိုမြင့်တက်လာခဲ့ပြီးနောက် အသင်းမှထွက်ခွာရန် ပြင်ဆင်လာသလို ရီးရဲလ်အသင်းကလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ရရှိပါက ရောင်းချရန်ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ (NVS 008)

15 May

ADVERTISE HERE .