အက်ဖ်အေရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် အက်ရှ်ဝက် ကိုခန့်အပ်
15 May
အင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် နယူးကာဆယ် အသင်းနဲ့ မန်ယူအသင်း အားကစားဒါရိုက်တာဟောင်း တစ်ဦးဖြစ်တဲ့ အက်ရှ်ဝက် ကို ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။ အက်ရှ်ဝက် အနေနဲ့ ပြီးခဲ့သည့်ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် မန်ယူအသင်း အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ငါးလသာ တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ မန်ယူအသင်း အားကစားဒါရိုက်တာရာထူးမှ ပြန်လည်နုတ်ထွက်ခဲ့ပါတယ်။ အက်ရှ်ဝက် ဟာ နယူးကာဆယ်အသင်း အားကစားဒါရိုက်တာအဖြစ် တာဝန်မထမ်းဆောင်မီက အက်ဖ်အေတွင် အမျိုးသား၊ အမျိုးသမီး ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ယခုအခါတွင်လည်း ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တာဝန်ယူသွားမှာဖြစ်ပြီး အင်္ဂလန်အသင်းတွင် လူငယ်ကစားသမားများ ပေါ်ထွက် လာစေရန် အဓိကတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)