နွေရာသီအပြောင်းအရွှေ့ကာလတွင် ဒီဂျောင် အပါအဝင် ကစားသမားကိုးဦးအထိ ရောင်းချရန်ဆုံးဖြတ်ထားတဲ့ ဘာစီလိုနာအသင်း
15 May
ဘာစီလိုနာအသင်းက နောက်ပိုင်းနှစ်များတွင် အသင်းဘဏ္ဍာရေးအကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရပြီး အသင်း ဝင်ငွေ/ထွက်ငွေစည်းမျဉ်းကြောင့် ကစားသမားသစ်များခေါ်ယူရာတွင် မှတ်ပုံတင်ရန်ခက်ခဲနေခဲ့လို့ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလ၌ ဒီဂျောင် အပါအဝင် ဝါရင့်ကစားသမားကိုးဦးအထိ ရောင်းချပြီး အသင်းဝင်ငွေ ရရှိရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများက ဒီဂျောင် ကို ခေါ်ယူလိုကြပြီး ယခင်နှစ်တွေမှာ ရောင်းချရန် ကြိုးပမ်းခဲ့ဖူးပေမယ့် ကစားသမားကိုယ်တိုင်က ငြင်းဆန်ခဲ့လို့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ လာမည့်နွေရာသီ အပြောင်းအရွှေ့မှာတော့ မဖြစ်မနေရောင်းချရန် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် ဒီဂျောင် အပါအဝင် ဝါရင့် ခံစစ်ကစားသမား အာရူဂျို နှင့်အတူ ခရစ်တန်ဆန်၊ ဖာတီ၊ လူငယ်ကစားသမားများဖြစ်တဲ့ ဖာမင်လိုပက်ဇ်၊ တိုရေး၊ ဟတ်တာ၊ ပန်နာ တို့ကိုလည်း သင့်တင့်တဲ့ပြောင်းရွှေ့ကြေးဖြင့် ရောင်းချရန်ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ (NVS 008)