ဘွဲ့ကြိုနှင့် ဘွဲ့လွန်တန်းများကို မေလ ၂၂ ရက်တွင်ကျောင်းအပ်လက်ခံမှု စတင်မည်

15 May

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် တန်းများကို မေလ ၂၂ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ မေလ ၂၂ ရက်မှ စတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်မှ စတင်ကာ ကျောင်းများဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။ အခြေခံပညာစာသင်ကျောင်းများကိုလည်း မေလတတိယပတ်မှစတင်၍ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ဇွန်လ ၂ ရက်မှာစတင် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အခြေခံပညာသင်ကျောင်းများတွင် သူငယ်တန်း(KG)မှ ဒွါဒသမတန်း (Grade 12)အထိ ကျောင်းအပ်နှံမှုများနှင့် ပတ်သက်ပြီး ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံခြင်းမရှိကြောင်းနဲ့ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 004)

15 May

ADVERTISE HERE .