ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း ပြည်တွင်း/ပြည်ပဘုရားဖူး ၁၁ သိန်းခွဲကျော်လာရောက်ဖူးမြော်

15 May

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ခုနစ်လအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူး ခရီးသွား ၁၁ သိန်းခွဲကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (သီတင်းကျွတ်လပြည်နေ့)မှ ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက် (ကဆုန်လပြည့်နေ့)အထိ ပြည်တွင်းဘုရားဖူးဦးရေ ၁၁ သိန်းခွဲခန့်နှင့် ပြည်ပဘုရားဖူးခရီးသွားဦးရေ ၂ သောင်းခွဲခန့် လာရောက်ဖူးမြော်ခဲ့တာဖြစ်ပါတယ်။ ဘုရားဖူး အရေအတွက်က ယခင်နှစ်ထက် ပိုပြီးများပြားခဲ့ပြီး ပြည်ပဘုရားဖူးများအနေနဲ့ ထိုင်းနိုင်ငံသားများ အများဆုံး လာရောက် ဖူးမြော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကာလအတွင်း ပြည်တွင်း/ပြည်ပ ဘုရားဖူးခရီသွားဦးရေ ခုနစ်သိန်းကျော်လာရောက်ဖူးမြော်ခဲ့ပါတယ်။ သီတင်းကျွတ်လပြည်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ ပုံမှန်ကာလများက ဘုရားဖူးဦးရေမှာ ၃ သန်းခန့်လာရောက်လေ့ရှိကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။(NVS 004)

15 May

ADVERTISE HERE .