တရုတ်နိုင်ငံမှ (၁၄)ကြိမ်မြောက်လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ

15 May

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများအတွက် တရုတ်နိုင်ငံက ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများကို (၁၄)ကြိမ်မြောက်အဖြစ် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့က သီလဝါ ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရပါတယ်။ (၁၄)ကြိမ်မြောက် ရောက်ရှိလာသည့် အကူအညီပစ္စည်းများတွင် Prefabricated House နှင့် ဆက်စပ် ပရိဘောဂများ ၁,၈၀၄ စုံနှင့် ရွေ့လျားခွဲစိတ်ခန်း ၉၅ စုံတို့ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများကို မေလ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

15 May

ADVERTISE HERE .