သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
15 May
သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်စေလိုပြီး ယာဉ်၊ယန္တရားနှင့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသင့်ပြင်ဆင်စုဖွဲ့ထားကြစေလိုကြောင်း ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ပြုလုပ်သည့် ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့တို့၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတိုက်တွန်းပြောကြားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်မှုများအနေဖြင့် ရေကြီးရေလျှံမှုနှင့် ကမ်းပြို၊ မြေပြိုမှု များ နှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြဖို့လိုအပ်ကြောင်း၊ မိုးလေဝသသတင်းများကို ပြည်သူများသိရှိအောင် စဉ်ဆက်မပြတ် ထုတ်ပြန်ပေးရန်လိုအပ်ပြီး လုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့ကိုဖွဲ့စည်းကာ တာဝန်ပေးအပ်ထားရှိကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)