“အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရိသတ်များကို နှုတ်ဆက်ခဲ့တဲ့ အလွန်ဆို”
14 May
ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောထားတဲ့ နည်းပြအလွန်ဆိုဟာ အိမ်ကွင်းနောက်ဆုံးပွဲ အဖြစ် ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲအပြီးမှာ လေဗာကူဆင်အသင်း ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဒေါ့မွန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အလွန်ဆိုက ပွဲကြည့်စင်ပေါ်အထိတက်ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။ အလွန်ဆို တာဝန်ယူခဲ့တဲ့ ၃ နှစ်နီးပါး ကာလအတွင်း လေဗာကူဆင်အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၁ ကြိမ်နဲ့ ပိုကယ်ဖလားချန်ပီယံဆု ၁ ကြိမ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ခံစားချက်မျိုးစုံလည်း ခံစားခဲ့ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်လို့ အလွန်ဆိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ လေဗာကူဆင်အသင်းကို တာဝန်ယူခဲ့ပြီးနောက် အလွန်ဆိုရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် လီဗာပူးလ်နဲ့ ရီးရဲလ်တို့လို အသင်းတွေဆီကနေ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ အလွန်ဆို ဟာ အသင်းဟောင်း ရီးရဲလ်အသင်းကို နည်းပြအဖြစ် တာဝန်ယူနိုင်ဖို့အတွက် လေဗာကူဆင်အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ( NVS 008)