“ရီးရဲလ်သမိုင်းတစ်လျှောက် ပွဲဦးထွက်ရာသီတွင် ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အမ်ဘာပေ”
14 May
ဘာစီလိုနာနှင့်ပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ရီးရဲလ်အသင်းတိုက်စစ်မှူး အမ်ဘာပေ က အသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက်ရာသီမှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် အမ်ဘာပေ က ယခုရာသီ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၃၉ ဂိုးသွင်းယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမ်ဘာပေ အနေနဲ့ ၁၉၉၂-၉၃ ရာသီမှာ သွင်းဂိုး ၃၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဇာမိုရာနို ရဲ့ ပွဲဦးထွက်ရာသီ ဂိုးအများဆုံးကစားသမားစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို စီရော်နယ်လ်ဒို၃၃ ဂိုး၊ နစ္စတယ်ရွိုင်း ၃၃ ဂိုး၊ ရော်နယ်လ်ဒို ၃၀ ဂိုး တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ( NVS 008)
14 May