“စီးပွားရေးသဘောတူညီချက်များအတွက် ဆော်ဒီအာရေဗျသို့ အမေရိကန်သမ္မတရောက်ရှိ”
14 May
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က နှစ်နိုင်ငံကြားစီးပွားရေး သဘောတူညီချက်များအတွက် ၎င်း၏ ဒုတိယသက်တမ်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မေလ ၁၃ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် ၎င်း၏ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့ လေးရက်ကြာခရီးသွားရောက်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံသို့ပထမဆုံးရောက်ရှိခြင်း ဖြစ်သည်။ ယင်းနောက် တွင် ၎င်းသည် ကာတာနှင့်ယူအေအီးနိုင်ငံတို့ သို့ဆက်သွားမည် ဖြစ်သည်။ ဒေါ်နယ်ထရမ့်အနေဖြင့် ရီယတ်မြို့၌ကျင်းပမည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ ၎င်းနှင့်အတူ အီလွန်မတ်အပါအဝင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားသည်။ ထရမ့် က ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများကိုရွေးချယ်ခြင်းသည် ဒေသတွင်း၌ ယင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအခန်းကဏ္ဍ၌ အရေးပါလာမှုကို ဖော်ပြနေကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။