“နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သောလမ်းများ ပြန်လည်ပြုပြင်”

14 May

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်ပျက်စီးခဲ့ သောလမ်းများကို ပြန်လည်ပြုပြင်လျက်ရှိပါတယ်။ လက်ရှိမှာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် တော်ဝင် ရတနာလမ်းမကြီးများကို ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ရာဇသင်္ဂဟလမ်းသပြေကုန်း အဝိုင်းအနီး မြေထိန်းနံရံထိခိုက်ပျက်စီးမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီး လမ်းများပြုပြင်ရာမှာ သတ်မှတ်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်ရေး၊ လမ်းခင်းကျောက်များအသုံးပြုရာမှာ သတ်မှတ်နည်းပညာနှင့်အညီ စနစ်တကျ ဆောင်ရွက်ရေး လုပ်ငန်းခွင်အတွင်း တာဝန်ရှိသူများက အချိန်ပြည့်ကြပ်မတ်ဆောင်ရွက်ရေးနှင့် အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရပါတယ်။ (NVS 004)

14 May

ADVERTISE HERE .