“ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်နှင့်ဆန်ကွဲအိတ်ရေ ငါးသောင်းခန့် နေ့စဉ်ဝင်ရောက်နေ”
14 May
နွေစပါးရာသီချိန်ရောက်ရှိလာတာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်နှင့်ဆန်ကွဲ အိတ်ရေ ငါးသောင်းခန့် နေ့စဉ်ဝင်ရောက်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှသိရပါတယ်။ ယခင်က တစ်ရက်လျှင် ဆန်နှင့်ဆန်ကွဲအိတ်ရေ နှစ်သောင်းခွဲခန့်ဝင်ရောက်ရာမှာ လက်ရှိကာလမှာတော့ နွေစပါး ထွက်ရှိချိန်ဖြစ်သည့်အတွက် ဆန်နှင့်ဆန်ကွဲအိတ်ရေ နှစ်ဆအထိ တိုးမြှင့်ဝင်ရောက်နေတာဖြစ်ကြောင်း သိရပါတယ်။ ဆန်နှင့်ဆန်ကွဲအဝင်များသလို ပြည်ပတင်ပို့သူများမှလည်း ပုံမှန်ဝယ်ယူမှုများရှိနေပြီး ဈေးနှုန်း အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ အနောက်ခြမ်းနှင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် နေရာဒေသအသီးသီးမှ နွေစပါးများ ဝင်ရောက်နေခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)
14 May