“မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးမှာ ယာယီစာသင်ကျောင်းဆောင် ဆောက်လုပ်လျက်ရှိ”

14 May

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရတဲ့ မစိုးရိမ်တိုက်သစ်ကြီးမှာ သီတင်းသုံးနေထိုင်ကြတဲ့ စာသင်သံဃာ တော်များအတွက် မစိုးရိမ်တိုက်သစ် မြောက်ဘက်၊ သင်္ဂဇာချောင်းဘေးရှိ မြေကွက်လပ်များ၌ ယာယီစာသင်ကျောင်း ဆောင်ကို ဆောက်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါကျောင်းဆောင် ဆောက်လုပ်ခြင်းကို WAY LIVING Readymade Home မှ တာဝန်ယူဆောက်လုပ် ပေးနေတာဖြစ်ပြီး ယာယီစာသင်ကျောင်းဆောင်ကြီးမှာ အကျယ်အဝန်းအားဖြင့် အလျား ပေ ၁၈၀ ၊ အနံ ပေ ၉၀ ၊ အမြင့် ၂၇ ပေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သံဃာတော်များသီတင်းသုံးရန် ယာယီတဲကျောင်းများကို စတင်ဆောက်လုပ်ရန် ပြင်ဆင်နေပါတယ်။ မန္တလေးငလျင်ကြီးကြောင့် မစိုးရိမ်တိုက်သစ်အတွင်းရှိ နာရီစင်ကြီးနှင့်အတူ ကျောင်းတိုက် ၁၂ တိုက် ပျက်စီးခဲ့ပါတယ်။ (NVS 004)

14 May

ADVERTISE HERE .