“ရုပ်ရှင်လောကသားများ၏ သားနှင့်သမီးများ ပညာသင်ငွေထောက်ပံ့ကြေး လျှောက်ထားနိုင်”

13 May

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အစည်းအရုံးဝင် ရုပ်ရှင်လောကသားများ၏ သား/သမီးများအား ပညာသင်ငွေထောက်ပံ့ကြေး၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့သွားမှာဖြစ်လို့ ဇွန်လ ၆ ရက် နောက်ဆုံးထားပြီး ရုပ်ရှင်အစည်းအရုံးသို့ လာရောက်လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နှစ်စဉ်ကျောင်းဖွင့်ချိန်များတွင် အစည်းအရုံးဝင်မိသားစုများကို ပညာသင် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိပြီး ယခုနှစ်မှာတော့ ကျောင်းသား/ကျောင်းသူ ၂၀၀ ဦးကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ လျှောက်လွှာပုံစံကိုဖြည့်စွက်ပြီး သန်းခေါင်စာရင်း(မိတ္တူ)၊ အစည်းအရုံးဝင်ကတ်(မိတ္တူ)၊ ကျောင်းထောက်ခံချက်မူရင်း (သို့မဟုတ်) ကျောင်းအပ်နှံထားသောပြေစာ(မိတ္တူ)တို့ကို ပူးတွဲပြီး ဇွန်လ ၆ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။ (NVS-004)

13 May

ADVERTISE HERE .