“Online Sales မှတ်ပုံတင်လျှောက်ထားခြင်းကို ဖုန်းနံပါတ်(သို့) Email Adress ဖြင့် လျှောက်ထားနိုင်”

13 May

Online Sales မှတ်ပုံတင် လျှောက်ထားမည့်သူများအနေနဲ့ www.ecomreg.gov.mm မှတစ်ဆင့် ဖုန်းနံပါတ်(သို့) Email Adress ဖြင့် Member Register လျှောက်ထားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ Online Sales မှတ်ပုံတင်လျှောက်ထားရန် Member Register ရရှိပြီးဖြစ်ပါက Login ဝင်၍ eComreg System တွင် Online Sale လုပ်ငန်းများအတွက် Registration Form တွင် လိုအပ်သည့်အချက်များကိုဖြည့်ကာ မှတ်ပုံတင် လျှောက်ထားရမှာဖြစ်ပြီး Member Register တစ်ခုလျှင် မှတ်ပုံတင်တစ်စောင်သာ ထားရှိနိုင်မှာဖြစ်ပါတယ်။ Online Sales လျှောက်ထားရာမှာ အမျိုးအစား(၁) ကုမ္ပဏီ(သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများနှင့် အမျိုးအစား(၂) Individual တစ်ဦးချင်း စီးပွားရေးလုပ်ငန်းများ စသဖြင့် အမျိုးအစား(၂)မျိုးရွေးချယ် လျှောက်ထား နိုင်မှာဖြစ်ပါတယ်။ အမျိုးအစား(၁)၊ အမျိုးအစား(၂) မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြရမည့်အထောက်အထားများမှာ တင်ပြ မည့်ပုံများ၊ ထောက်ခံချက်များ၊ မှတ်ပုံတင်/Passport များ၊ Logo များက ထင်ရှားပြတ်သားပြီး အပြည့်အစုံပါဝင်ရမှာ ဖြစ်ပါတယ်။ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများကတော့ လုပ်ငန်း၏ Logo(jpg File)၊ လုပ်ငန်းလိပ်စာ မှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓာတ်ပုံ (jpg File)၊ Citizen-လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့နောက်(pdf File)၊ လုပ်ငန်းပိုင်ရှင်လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(pdf File)၊ လုပ်ငန်းပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်၊ SME မှတ်ပုံတင်/SME ကတ် (pdf File) (SME နံပါတ်ဖြည့်သွင်းထားပါက) စသည်တို့ကို တင်သွင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးအစား(၁) ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းများအတွက် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ ကာလာ (ဒါရိုက်တာ List အပါ)၊ ကုမ္ပဏီ Letter Head ပါ ဒါရိုက်တာလက်မှတ်ထိုး၍ ကုမ္ပဏီ၏ လုပ်ငန်းဖြစ်ကြောင်း ထောက်ခံချက်(လျှောက်ထားသည့်လုပ်ငန်း အမည်၊ ကုမ္ပဏီအမည်၊ လျှောက်ထားသည့် Link မတူပါက) ဖြည့်သွင်းမှုအရ ထပ်မံတင်ပြရမည့် အထောက်အထားများ (မဖြစ်မနေတင်ပြရန်မလိုပါ)၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ် (pdf File) (ပသကအမှတ်ဖြည့်သွင်းထားပါက) စသည့် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်း ရမှာဖြစ်ပါတယ်။ Online Application Form ကြေးကျသင့်ငွေပေးသွင်းခြင်းကို AYA Pay, MPU (e-Commerce Pay), KBZ Pay, UAB Pay, A+ Wallet, Citizens Pay တို့ဖြင့်ပေးသွင်းနိုင်ပြီး Online Sales မှတ်ပုံတင်ရာမှာ အချက်အလက် မပြည့်စုံပါက ပြင်ဆင်ရမည့် အချက်အလက် Message အား ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။ အဆိုပါ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လက်မှတ်လျှောက်ထားမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်စိစစ်ပြီးမှသာလျှင် ကုန်သွယ်ရေးဦးစီးဌာနမှ Online Sale မှတ်ပုံတင်လက်မှတ်ခွင့်ပြု ထုတ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

13 May

ADVERTISE HERE .