ကုန်ဈေးနှုန်းသတင်း ၁၃.၅.၂၀၂၅

13 May

မေလ ၁၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ပဲတီစိမ်းနဲ့ ဘိုကိတ်ပဲဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၈,၁၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၃၂၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၁၅ ကျပ်ကနေ ၅,၀၅၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၄,၉၁၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၈၂၅ ကျပ်ကနေ ၄,၉၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၇၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၅၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၁၆၅ ကျပ်ကနေ ၆,၂၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၈၀၀ ကျပ်ကနေ ၃,၄၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၈၀,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၉၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၂၅ ကျပ်၊ မန္တလေးမှာ ၂,၉၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၈၅ ကျပ်၊ မန္တလေးမှာ ၂,၉၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၆၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၁၅ ကျပ်၊ မန္တလေးမှာ ၂,၅၂၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၉၈၀ ကျပ်၊ မန္တလေးမှာ ၃,၀၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၆၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၇၁၀,၀၀၀/-) ငါးဆယ် ခုနစ်သိန်း တစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၇,၄၉၀,၀၀၀ိ/-) ခုနစ်ဆယ် လေးသိန်း ကိုးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

13 May

ADVERTISE HERE .