“ဘရာဇီးလ်လက်ရွေးစင်အသင်းကို အန်ဆယ်လော့တီ ကိုင်တွယ်တော့မယ်လို့ အတည်ပြုကြေညာခဲ့တဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်”
13 May
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ က ဘရာဇီးလ်လက်ရွေးစင်အသင်းကို မေလ ၂၆ မှစတင်ကာ ကိုင်တွယ်တော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် အီတလီနည်းပြ အန်ဆယ်လော့တီ က ရီးရဲလ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ကာ အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့ပေမယ့် ယခုရာသီမှာ အသင်းအနေနဲ့ အားနည်းချက်များရှိခဲ့တာကြောင့် ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကလည်း အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ချိန်ရွယ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
13 May