“ချန်ပီယံလိဂ်ပြိုင်ပွဲမှ ယူရိုသန်း ၂၀၀ နီးပါး ရရှိထားတဲ့ အင်တာမီလန်အသင်း”
13 May
အင်တာမီလန်အသင်းက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေယူရိုသန်း ၂၀၀ နီးပါး ရရှိထားကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် ဆုကြေးယူရို ၁၃၃ သန်း ရရှိထားပြီး ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များမှ ကွင်းဝင်ကြေး ယူရိုသန်း ၆၀ ရရှိထားကြောင်း သိရပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ဝင်ငွေအများဆုံးရရှိတဲ့ အီတလီအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ၂၀၂၂-၂၃ ရာသီမှာ ဗိုလ်လုပွဲရောက်ရှိခဲ့စဉ်က ရရှိခဲ့တဲ့ဝင်ငွေရဲ့ နှစ်ဆနီးပါး ရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ အင်တာမီလန် အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ PSG ကို အနိုင်ရပါက ဆုကြေး ထပ်မံရရှိမည်ဖြစ်ပြီး ယင်းသို့ စွမ်းဆောင်နိုင်ခဲ့ပါက ချန်ပီယံလိဂ်မှ ဝင်ငွေ ယူရိုသန်း ၂၀၀ အထက် ရရှိတဲ့ ပထမဆုံးစီးရီးအေကလပ်ဖြစ်လာမည်ဖြစ်ပါတယ်။ အင်တာမီလန်အသင်းသည် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ စံချိန်တင်ဝင်ငွေအဖြစ် ယူရို ၄၇၃ သန်းရရှိခဲ့ပြီး ယခုရာသီမှာ ၄၀ ရာခိုင်နှုန်းကျော် တိုးမြင့်ရရှိဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ (NVS 008)