“လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဒါဝင်နူးနက်ဇ် ကို ခေါ်ယူရန်စီစဉ်နေတဲ့ နာပိုလီအသင်း”

13 May

စီးရီးအေကလပ် နာပိုလီအသင်းက လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ ဒါဝင်နူးနက်ဇ် က ၂၀၂၃ နွေရာသီမှာ ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်း ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ နူးနက်ဇ် က နည်းပြဟောင်း ယာဂန်ကလော့ပ် လက်ထက်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် လက်ရှိနည်းပြ အာနယ်ဆလော့ လက်ထက်မှာ ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဒါဝင်နူးနက်ဇ် က ယခုရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲ ပါဝင်ကစားထားပေမယ့် အများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ၇ ဂိုးသာ သွင်းယူထားပါတယ်။ လီဗာပူးလ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒါဝင်နူးနက်ဇ် အတွက် ပေါင်သန်း ၆၀ နှင့်အထက် အလိုရှိနေကြောင်း သိရသည်။ ဒါဝင် နူးနက်ဇ်ကို ခေါ်ယူရန် အက်သလက်တီကိုကလည်း စိတ်ဝင်စားနေပါတယ်။ (NVS 008)

13 May

ADVERTISE HERE .