“ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပါးအသင်းကို ဗိုလ်စွဲစေချင်တဲ့ ဟာရီကိန်း”
13 May
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်း က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသင်းဟောင်း စပါးအသင်းကို အနိုင်ရဗိုလ်စွဲစေလိုကြောင်း ပြောကြားခဲ့ပါတယ်။အသက် ၃၁ နှစ်အရွယ် ဟာရီကိန်း က ၂၀၂၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းသို့ မပြောင်းရွှေ့မီ စပါးအသင်းမှာ နှစ်ပေါင်းများစွာကစားခဲ့သူဖြစ်ပါတယ်။ ဟယ်ရီကိန်း က ယခုရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ကစားသမားဘဝ ပထမဆုံးဆုဖလားအဖြစ် ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ယခုရာသီတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် စပါးအသင်းမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်ထားပြီး မန်ယူနိုက်တက်နှင့် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ (NVS 008)
13 May