“ဆင်းဒူးစစ်ဆင်ရေး၌ အကြမ်းဖက်သမား ၁၀၀ ကျော်သေဆုံးဟုဆို”

13 May

အိန္ဒိယနိုင်ငံ က ပါကစ္စတန်နိုင်ငံ၌ရှိသော အကြမ်းဖက်သမားများကိုပစ်မှတ်ထားသည့် ဆင်းဒူးစစ်ဆင်ရေး ဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမားအယောက် ၁၀၀ ကျော်သေဆုံးပြီး ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော် ကွယ်လွန်သွားကြောင်း အိန္ဒိယစစ်ဘက်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦး က ပြောသည်။ ဆင်းဒူးစစ်ဆင်ရေး တွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရာဂျစ်ဂိုင်က အိန္ဒိယ၏တိုက်ခိုက်မှုကြောင့် ပါကစ္စတန် ရှိ လေတပ်စခန်း အနည်းဆုံး ၁၁ ခု ပျက်စီးဆုံးရှုံးသွားကြောင်းနှင့် ထိုကဲ့သို့တိုက်ခိုက်လိုက်သည့်အတွက် ပါကစ္စတန်၏စစ်ရေးစွမ်းရည်အပေါ် များစွာထိခိုက်စေကြောင်း မေလ ၁၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိအကြမ်းဖက်သမားများနှင့် ၎င်းတို့၏အခြေခံအဆောက်အအုံများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဆင်းဒူးစစ်ဆင်ရေးကို ပြီးခဲ့သည့် သီတင်းပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ ဆင်းဒူးစစ်ဆင်ရေးတွင် ပါကစ္စတန်၏စစ်ရေးပစ်မှတ်များကို ပစ်မှတ်ထားခြင်းမရှိကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 May

ADVERTISE HERE .