“အမေရိကန်နှင့်တရုတ်တို့က ကုန်သွယ်ခွန်များတိုးမြှင့်မှုကို ယာယီရပ်ဆိုင်းရန်သဘောတူညီချက်ရ”
13 May
အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများက ၎င်းတို့နှစ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် တစ်နိုင်ငံကတစ်နိုင်ငံအပေါ် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်အခွန်များ တိုးမြှင့် ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခများဖြစ်ပွားလာပါက နှစ်နိုင်ငံစလုံးတွင် စီးပွားရေးကျဆင်းမှုသာမက ဘဏ္ဍာရေးဈေးကွက်ကိုလည်း ကမောက်ကမ ဖြစ်သွားစေနိုင်သည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှသွင်းကုန်များအပေါ် ကောက်ခံမည့် အခွန်နှုန်းထားကို ၁၄၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသော်လည်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည် ဖြစ် ကြောင်း၊ အလားတူ တရုတ်နိုင်ငံကလည်း အမေရိကန်မှသွင်းကုန်များအပေါ် သတ်မှတ်ထားသည့် သွင်းကုန်အခွန် ၁၂၅ ရာခိုင်နှုန်းကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဟု နှစ်ဖက်စလုံးက မေလ ၁၂ ရက်တွင် ပြောထား သည်။ အဆိုပါနှစ်နိုင်ငံကြား ဆောင်ရွက်ချက်အသစ်သည် ရက်ပေါင်း ၉၀ ကြာအထိ အသက်ဝင်မည် ဖြစ်သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံး က ကိုယ်စီအမျိုးသားအကျိုးစီးပွားအတွက် ဆောင်ကြဉ်းနိုင်ကြောင်း၊ နှစ်နိုင်ငံကြား ညီမျှမှုရှိသောကုန်သွယ်ရေးရှိလာပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ဖြစ်ပေါ်လာသည့် ထိုအခြေအနေအတိုင်း ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်ဘက်ကပြောထားသည်ဟု RTA သတင်းဌာနဖော်ပြ ချက် အရ သိရသည်။