“လားရှိုးတွင် စက်သုံးဆီ တစ်လီတာ ၄,၅၀၀ ကျပ်နဲ့ ရောင်းချပေးနေ”
13 May
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မေလ ၁၁ ရက်မှ စတင်ကာ စက်သုံးဆီ တစ်လီတာကို ကျပ် ၄,၅၀၀ နှုန်းနဲ့ ဆိုင်ကယ်တစ်စီးလျှင် ၂ လီတာနှင့် မော်တော်ယာဉ်တစ်စီးကို ၁၀ လီတာရောင်းချပေးနေတယ်လို့ သိရပါတယ်။ စက်သုံးဆီရောင်းချပေးမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုဖြင့် စက်သုံးဆီ 92 နှင့် ပရီမီယံဆီတို့ကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ရောင်းချပေးနေသည့် စက်သုံးဆီဆိုင် ၂ ဆိုင် ရှိပြီး လားရှိုး အ.ထ.က (၃) ရှေ့ REGENCY စက်သုံးဆီဆိုင်နှင့် လားရှိုးမြို့အထွက် အသောက စက်သုံးဆီဆိုင်တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)
13 May