“စားအုန်းဆီရည်ညွှန်းဈေး ၆,၆၂၀ ကျပ်သတ်မှတ်”
12 May
ယခုရက်သတ္တပတ် မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ စားအုန်းဆီရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၆၂၀ ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။ လက်ရှိမှာ မလေးရှားနှင့် အင်ဒိုနီးရှားမှ မြန်မာနိုင်ငံကို CIF စနစ်ဖြင့် တင်သွင်းနေသည့် စားအုန်းဆီဈေးနှုန်းများ လစဉ်ကျဆင်းလာကြောင်း သိရပါတယ်။ စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း စားအုန်းဆီဈေးနှုန်းများမှာ လေးလတာကာလအတွင်း ၆၆၀ ကျပ် ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် စားအုန်းဆီများကို ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်အသိပေး ထားပါတယ်။ (NVS-004)
12 May