“ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း Happy Monsoon & Back to School ပွဲတော်ကျင်းပမည်”

12 May

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း Happy Monsoon & Back to School ပွဲတော်ကို မေလ ၁၆ ရက်မှ မေ ၁၈ ရက်ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်အချိန်ကာလအတွင်း သားငယ်၊ သမီးငယ်များ၏ Baby Talent Show များ၊ ရင်သပ်ရှုမောဖွယ် မျက်လှည့်ပြကွက်များ၊ JOY Band ၏ တေးဂီတဖျော်ဖြေ တင်ဆက်မှုများ၊ ချစ်စရာကောင်းသည့် ငှက်လိမ္မာလေးများနှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ Yangon Zoo (Education Department)မှ တိရစ္ဆာန်လေးများ၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားချက်လေးများနှင့် အထွေထွေဗဟုသုတများကို ဆွေးနွေး ပြောပြပေးသွားမည့် Talk Show အစီအစဉ်များ ပါဝင်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည် အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး ဥယျာဉ်တစ်ခုဖြစ်ပြီး ၁၉၀၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လက်ရှိတွင် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၅၀ ခန့်ရှိကာ တိရစ္ဆာန်အကောင်ရေ ၁,၄၀၀ ခန့်ရှိပြီး မြေဧက ၅၇ ဧကကျယ်ဝန်းကာ သဘာဝသမိုင်းပြတိုက်အပြင် ဆင်ပြတိုက်ကိုပါ တိုးချဲ့ဖွင့်လှစ် ထားရှိပါတယ်။ Happy Monsoon & Back to School ပွဲတော်သို့ လာရောက်လည်ပတ်ကြတဲ့ မိဘပြည်သူများအတွက် ကျောင်းသုံးနဲ့ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။ (NVS-004)

12 May

ADVERTISE HERE .