“ငွေသောင်ယံဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်”
12 Mayပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ကျရောက်လျက်ရှိနေသော ဧရိယာအကျယ်အဝန်း ၁၆၁၄ ဧကရှိတဲ့နယ်မြေကို “ငွေသောင်ယံဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်အမိန့် ကြော်ငြာစာအမှတ် (၄၅/၂၀၂၅)အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ဝ ရက်( ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်) မှစတင်ပြီး ကြေညာထားရှိပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည် တည်တံ့ စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများအား သဘာဝအစိမ်းရောင် တံတိုင်းကြီးများသဖွယ်ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသရေရှည်တည်တံ့ရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံ ပြည်သူများအတွက် ငါး၊ ကဏန်း၊ ပုစွန်စသောရေသယံဇာတများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငန်ရေဝင်ရောက်မှုများမှတားဆီးကာကွယ်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ် မူပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါတယ်။ အဆိုပါ ငွေသောင်ယံဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြင့် ၎င်းဧရိယာအတွင်း ဒီရေတော စိုက်ခင်းများ တည်ထောင်၍ ဒီရေတောသစ်ပင်များဖြစ်ထွန်းလာပြီး ပင်လယ်လှိုင်း၊ ဒီရေနှင့်လေမုန်တိုင်း စတဲ့ သဘာဝ ဘေးအန္တရာယ်မျာ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းပြိုတိုက်စားမှုလျော့နည်းလာခြင်း၊ လယ်ယာမြေများအတွင်း ဆားငန်ရေ ရေဝင်ရောက်မှုကို ကာကွယ်နိုင်ခြင်း၊ ရေနေသတ္တဝါများနှင့် ဆောင်းခိုငှက်၊ ရေပျော်ငှက်များအတွက် စားကျက်နေရာမှ တိုးပွားလာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု အခြေအနေကောင်းမွန်စေရေးအတွက် အထောက်အကူပြုနိုင်ခြင်း၊ မြန်မာ့သစ်တောမူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထောက်အကူပြုကူပြုနိုင်ခြင်း၊ ဒီရေတောဧရိယာ အတွင်းရှိ သစ်တောသစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟဂဟစနစ်များ ထာဝစဉ်ရေရှည်တည်တံ့စေနိုင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများ ရရှိလာနိုင်မှာဖြစ်ပါတယ်။ (NVS-004)