“ရန်ကုန်မြို့ Yangon Convention Center (YCC)၌ ထိုင်းကုန်စည်ပြပွဲ ကျင်းပမည်”

12 May

ထိုင်းကုန်စည်ပြပွဲ (THAI EXPO YANGON 2025)ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Yangon Convention Center(YCC)၌ ဇွန်လ ၆ ရက်မှ ၈ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ THAI EXPO YANGON 2025 ပြပွဲတွင် အာဆီယံဈေးကွက်အတွင်း လူကြိုက်များသော ထိုင်းနိုင်ငံမှ ကုမ္ပဏီကြီးများ၊ စီးပွားရေးလုပ်ငန်းကြီးများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ အဝယ်တော်များ၊ Importer များ၊ Distributor များတွေ့ဆုံကာ ပိုမိုကောင်းမွန်သောအခွင့်အလမ်းများ ဖန်တီးရရှိနိုင်မည့်ပြပွဲတစ်ခုဖြစ်ပါတယ်။ ပြပွဲမှာ ထိုင်းနိုင်ငံ၏အစားအစာနှင့် အဖျော်ယမကာများ အဝတ်အထည်များ၊ အလှကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှလာရောက်ကြမည့် Buyers Distributors၊ Decision-makers နှင့်တွေ့ဆုံပြီး လုပ်ငန်း မိတ်ဖက်များ တည်ဆောက်နိုင်ရန် Networking Business Matching Activities များသို့ တက်ရောက်နိုင်ရန်အတွက် ကုန်ပစ္စည်း Brand ကို ပိုမိုမြှင့်တင်နိုင်ရန်၊ လက်တွေ့အသုံးချပြသည့် အစီအစဉ်များတွင်ပါဝင်နိုင်ရန် ကျင်းပခြင်းဖြစ်သလို ပြပွဲ၌ ထိုင်း-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုများကိုလည်း ဖလှယ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

12 May

ADVERTISE HERE .