“ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၃၃ မြို့နယ်၌ မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်”
12 May
ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်၌ မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးသွား မယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့ဝန်ဆောင်မှုပေးနိုင် စေရန်၊ လူတိုင်း အနာရောဂါကင်းပြီး သက်တမ်းစေ့ကျန်းမာစွာနေထိုင်နိုင်စေရန်၊ ပြည်သူ့ဆေးရုံကြီးများ၌ ပြသလျက်ရှိတဲ့ လူနာများကိုလည်း စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြို့ပြကျန်းမာရေးဌာနများ ကို ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအနေနဲ့ ကျန်းမာရေးမကောင်းပါက သွားရောက်ပြသနိုင်မည့် ဆေးရုံ၊ ဆေးခန်းများ ပိုမိုပေါ်ပေါက်လာနိုင်မှာဖြစ်ပြီး မြို့ပြကျန်းမာရေးဌာနများမှတစ်ဆင့် လွှဲပြောင်းကုသမှုခံယူရန်ရှိသော လူနာများကိုလည်း ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့ဆေးရုံကြီးများ၌ သွားရောက်ပြသနေသော လူနာများအတွက် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုများကို လည်း မြို့ပြကျန်းမာရေးဌာနများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)