“ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးလျက်ရှိ”

12 May

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော်ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ မေလ ၁၂ ရက်မှ ၁၈ ရက်အထိ အရောင်းပြပွဲကို ကျင်းပလျက်ရှိပါတယ်။ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးမည့် ပြခန်းများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မေလ ၁၁ ရက်တွင် သွားရောက်ကြည့်ရှုကာ ခင်းကျင်းပြသရောင်းချမည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် ပြခန်းဆောင် တည်ဆောက်ပြီးစီးမှု၊ ပြသရောင်းချမည့်ပစ္စည်းများ အရည်အသွေးပြည့်မီစေရန်အတွက် တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားကာ ပြခန်းဆောင်များကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပွဲတွင် ကုမ္ပဏီ ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြသရောင်းချပေးလျက်ရှိပြီး ပြည်သူများအနေနဲ့ သက်သာသော ဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ပါတယ်။ (NVS-004)

12 May

ADVERTISE HERE .